Skip to main content

About Us

MADA

အမည်

ဤအသင်း၏ အမည်မှာ “မြန်မာလေကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း” (MADA - Myanmar Aviation Development Association) ဖြစ်သည်။ အသင်းသည် မြန်မာနိုင်ငံ၏ ဥပဒေများနှင့်အညီ တည်ထောင်ထားသည့် လွတ်လပ်သော၊ နိုင်ငံရေးအတွက်မဟုတ်သော၊ အမြတ်အစွန်းအတွက်မဟုတ်သော၊ အတတ်ပညာနှင့် လေကြောင်းဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO) ဖြစ်သည်။

အသင်း၏ ရည်ရွယ်ချက်

အသင်း၏ရည်ရွယ်ချက်များမှာ -

(က) နိုင်ငံတကာစံနှုန်းများနှင့်အညီ လေကြောင်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးအတွက် လေကြောင်း လုပ်ငန်းနှင့် သက်ဆိုင်သော အသင်းသားများကို စုစည်း၍ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊
(ခ) လုပ်ငန်းများ၏ သဘောသဘာဝများအပေါ်တွင်မူတည်၍ ကော်မတီအသီးသီးဖွဲ့စည်းရန်၊
(ဂ) ကော်မတီများနှင့် အသင်းသားများ၏ အစီရင်ခံစာနှင့်တွေ့ရှိချက်၊ သုံးသပ်ချက် ၊ အကြံပြုချက် များကို လေ့လာသုံးသပ်၍ နိုင်ငံတော်အစိုးရ၏ သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ဆက်သွယ် ဆောင်ရွက်ပေးနိုင်ရန်၊
(ဃ) လေကြောင်းလုပ်ငန်းနယ်ပယ်၏ စံချိန်စံညွှန်း အဆင့်အတန်းများ မြင့်မားတိုးတက်လာစေရန်၊
(င) လေကြာင်းလုပ်ငန်းနယ်ပယ် နှင့် ဆက်စပ်လျှက်ရှိသော စီးပွားရေးလုပ်ငန်းများ၊ ဘဝအသက် မွေးမှုလုပ်ငန်းများ၏ အခွင့်အလမ်းများချဲ့ထွင်ရန်၊
(စ) အသင်းသားများထံသို့ သက်ဆိုင်သည့် သတင်းအချက်အလက်များနှင့် အများပြည်သူသို့ လေကြောင်းလုပ်ငန်းပညာရပ်ဆိုင်ရာဗဟုသုတများကို ဖြန့်ဝေပေးရန်၊
(ဆ) နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ အေဂျင်စီများနှင့် ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်ရန်၊
(ဇ) အများပြည်သူတို့ ပါဝင်လာနိုင်ရန်အတွက် ဆက်သွယ်ရေးကွန်ယက်စနစ် တည်ဆောက်ရန်၊
(ဈ) လေကြောင်းလုပ်ငန်းနယ်ပယ်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်၊
(ည) ဘ၀ တစ်သက်တာသင်ယူမှုအတွက် အထောက်အကူပြုနိုင်ရန်။

အသင်းသားအရည်အချင်းသတ်မှတ်ချက်

အောက်ပါအရည်အချင်းများအနက်မှ တစ်ခုခုရှိသူသည် ၎င်း၏ဆန္ဒအရ အသင်းသားအဖြစ် လျှောက်ထားနိုင်သည်။

(က) ပြည်တွင်း/ ပြည်ပ လေကြောင်းလိုင်းများ၊
(ခ) လေကြောင်းလိုင်းလုပ်ငန်းများတွင် လုပ်ကိုင်နေသူများ၊
(ဂ) လေကြောင်းပို့ဆောင်ရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံသူများ၊
(ဃ) လေကြောင်းလုပ်ငန်းများနှင့်ပတ်သက်၍ အတွေ့အကြုံရှိခဲ့သူများ၊
(င) နာယက နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ အသင်းသားဖြစ်ရန် သင့်တော်သူဟု ဆုံးဖြတ် ခံရသူ

အသင်းသား အမျိုးအစား

အသင်း၏ အသင်းသားဖြစ်ခြင်းကို အောက်ပါအတိုင်း အမျိုုးအစား (၂) မျိုး ခွဲခြားထားမည် ဖြစ်ပါသည်။

(က) အသင်းအဖွဲ့ (သို့မဟုတ်) ကုမ္ပဏီ
(၁) လေကြောင်းလိုင်းများ
(၂) လေကြောင်းလုပ်ငန်းများနှင့် ဆက်စပ်လျှက်ရှိသည် အသင်းအဖွဲ့များ/ ကုမ္ပဏီများ
(ခ) တစ်ဦးချင်း
(၁) လေကြောင်းလိုင်းတွင် လက်ရှိတာဝန်ထမ်ဆောင်နေသူများ ( လေယာဉ်မှူးများ၊ လေယာဉ်အဖွဲ့သားများ၊ အင်ဂျင်နီယာများ၊ မြေပြင်ဝန်ဆောင်မှုများ)
(၂) လေကြောင်းလုပ်ငန်းနှင့် ဆက်စပ်လျှက်ရှိသည့် လုပ်ငန်းများမှ တစ်ဦးချင်းများ
(၃) လေကြောင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ နည်းပညာရှင်များ၊ နည်းပြဆရာများ၊ စာမေးပွဲစစ်ဆေးသူများ၊ လေကြောင်းဆိုင်ရာ အော့ဒစ်တာများ၊ လေကြောင်းလုပ်ငန်း ဖွံ့ဖြိုးရေးဆောင်ရွက်သူများ
(၄) လေကြောင်းပညာရပ်ကို စိတ်ပါဝင်စားသူများ (ဒရုံး၊ အဝေထိန်း လေယာဉ် မောင်းနှင်သူ များ၊ ဂလိုင်ဒါနှင့် မီးပုံးပျံများ)

အသင်းသားများ၏ အခွင့်အရေးများ

အသင်းသားများ ရရှိနိုင်သည့် အခွင့်အရေးများမှာအောက်ပါအတိုင်းဖြစ်သည်။

(က) လေကြောင်းဆိုင်ရာ အတတ်ပညာ၊ အသိပညာ နှင့် အတွေ့အကြုံများ ဖလှယ်ရာတွင် ပါဝင်ခွင့် ရရှိနိုင်ခြင်း၊
(ခ) အသင်းသားများသည် မိမိတို့၏ တွေ့ရှိချက် ၊ သုံးသပ်ချက် ၊ အကြံပြုချက် များကို သက်ဆိုင်ရာ ကော်မတီများသို့ တင်ပြနိုင်ခြင်း၊
(ဂ) လေကြောင်းဆိုင်ရာ အသိုင်းအဝိုင်းနှင့် ကွန်ယက်ဆက်သွယ်မှုရရှိမည်ဖြစ်ပြီး နောက်ဆုံး သတင်း အချက်အလက်များ ရရှိနိုင်ခြင်း၊
(ဃ) မိမိ၏ ဘဝအသက်မွေးမှုပညာအတွက် နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်၊ လိုင်စင် ရရှိနိုင်ခြင်းနှင့် မြင့်မားသောအဆင့်များသို့တက်လှမ်းနိုင်ခြင်း၊
(င) ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ အလုပ်အကိုင်အခွင့်အလမ်းများသိရှိနိုင်ခြင်းနှင့် အသင်း၏ ထောက်ခံချက်ရရှိနိုင်ခြင်း၊
(စ) မိမိတတ်မြောက်ထားသည့် ပညာရပ်များကို မျှဝေပေးနိုင်ခြင်း၊
(ဆ) မိမိကိုယ်တိုင်လည်း လေကြောင်းပညာနှင့်ပတ်သက်၍ ဘဝတစ်သက်တာ သင်ယူနိုင်ခြင်း၊
(ဇ) လေကြောင်းနှင့် ဆက်စပ်သောစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ခြင်း၊

အသင်းသားများ၏တာဝန်များ

အသင်းသားများ၏တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) အသင်းဝင်ကြေးပေးသွင်းပြီးနောက် နှစ်စဉ်ကြေးကို ပုံမှန်ပေးဆောင်ရန်၊
(ခ) လေကြောင်းပို့ဆောင်ရေးအတတ်ပညာ၊ အသိပညာ၊ အတွေ့အကြုံ ဗဟုသုတများကို အသင်းဝင် များအကြားဖလှယ်ရန်၊
(ဂ) အသင်းသားတစ်ဦး၏ ကြုံတွေ့နေရသောအခက်အခဲတစ်ရပ်အပေါ် ဝိုင်းဝန်းအဖြေရှာပေးရန်၊
(ဃ) အသင်းမှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာရန်၊
(င) လေကြောင်းဆိုင်ရာလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် စီးပွားရေး၊ ကျွမ်းကျင်မှုနှင့် အတတ်ပညာဆိုင်ရာ အကြံဉာဏ်များ ပေးရန်


အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး

အသင်းသားများ၏ အသင်းဝင်းကြေးနှင့် နှစ်စဉ်ကြေးများကို အောက်ပါအတိုင်း ကောက်ခံရမည်။

 

    အသင်းဝင်ကြေး/ မှတ်ပုံတင်ကြေး နှစ်စဉ်ကြေး
(က) အသင်းအဖွဲ့ (သို့မဟုတ်) ကုမ္ပဏီအသင်းဝင်များ    
(၁) လေကြောင်းလိုင်းများ ကျပ် ၁၀ သိန်း ကျပ် ၅ သိန်း
(၂) လေ့ကျင့်ရေးနှင့် အခြားလေကြောင်းနှင့် ဆက်စပ်လျက်
ရှိသည့် အသင်းဖွဲ့များ/ ကုမ္ပဏီများ
ကျပ် ၅ သိန်း ကျပ် ၁ သိန်း
(ခ) တစ်သီးပုဂ္ဂလ အသင်းဝင်များ    
(၁) လေကြောင်းလိုင်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့်
လေယာဉ်မှူးများ၊ လေယာဉ် အဖွဲ့သားများ၊ အင်ဂျင်နီယာများ၊
မြေပြင် ဝန်ဆောင်မှုများ
ကျပ် ၂၀၀၀၀ ကျပ် ၁၀၀၀၀
(၂) လေ့ကျင့်ရေးသင်တန်းနှင့် အခြားလေကြောင်းနှင့် ဆက်စပ်လျက်
ရှိသည့် လုပ်ငန်းများမှ တစ်သီးပုဂ္ဂလများ
ကျပ် ၂၀၀၀၀ ကျပ် ၁၀၀၀၀
(၃) လေကြောင်းနှင့်ဆိုင်သော ကျွမ်းကျင်ပညာရှင်များ၊ နည်းပညာရှင်များ၊
နည်းပြဆရာများ
ကျပ် ၂၀၀၀၀ ကျပ် ၁၀၀၀၀
(၄) အခြား စိတ်ပါဝင်စားသည့် အသင်းသားများ (ဥပမာ - ဒရုန်း၊ အဝေးထိန်း
ယာဉ်မောင်းနှင်သူများ၊ ဂလိုင်ဒါနှင့် မီးပုံးပျံများ
ကျပ် ၂၀၀၀၀ ကျပ် ၁၀၀၀၀